ရာသီလာစဉ်_လိင်ဆက်ဆံခြင်း
#မီးနီဖြတ်ခြင်း (သို့မဟုတ်) #ရာသီလာစဉ်_လိင်ဆက်ဆံခြင်း
×××××××××××××××××××××××××××××××
အမျိုးသမီး၌ ရာသီလာနေပါက လိင်ဆက်ဆံမှုပြုရန် ယောက်ျားတိုင်းလိုလိုပင် ၀န်လေးတတ်ကြ ပါသည်။ အကြောင်းမှာ ရာသီလာခြင်းသည် လိင်အင်္ဂါများမှ အညစ်အကြေး ၊ မကောင်းသောသွေးများ ဆင်းခြင်းဟု ထုံးတမ်းအစဉ်အလာအရ ယူဆယုံကြည်ထားသောကြောင့် ဖြစ်သည်။
အမှန်အားဖြင့် ရာသီလာခြင်းမှာ မိန်းမကိုယ်မှအညစ်အကြေး၊ သွေးများစွန့်ထုတ်ခြင်း မဟုတ်ပဲ သဘာဝအရ ပဋိသန္ဓေမရှိ၍ သားအိမ်အတွင်း အမှေးကြွေကျခြင်းသာဖြစ်သည်။ သို့ဖြစ်၍ရာသီလာခြင်းကို မည်သို့မျှ ရွံရှာစက်ဆုပ်စရာ အကြောင်းမရှိပေ။ မိန်းမသဘာဝအရ ရာသီမလာမှီနှင့် လာနေစဉ်ကာလအတွင်း မိန်းမ၏ လိင်အင်္ဂါများသည် သွေးများဖြင့်ပြည့်လျက် ဖောင်းပြီး တာင့်တင်းနေတတ်ပါသည်။ လိင်အင်္ဂါများတောင့်တင်းတိုင်း လိင်စိတ်ထကြွတတ်ရာ ဤအချိန်များ၌ မိန်းမတို့၏ ကာမဆန္ဒစိတ်သည် ပိုမိုတက်ကြွကြပေသည်။ သို့ပါ၍ရာသီလာနေစဉ် ကာလအတွင်း မိန်းမတို့၏ သွေးသားဆန္ဒလိုအပ်ချက်အရ လိင်ဆက်ဆံမှုကို ကြိုဆိုတောင့်တ နေတတ်ကြပေသည်။ ရာသီလာနေစဉ် အတောအတွင်း လိင်ဆက်ဆံဖို့ အခြေအနေမပေးပါက အနည်းဆုံး သူစိမ်းယောက်ျား တစ်ယောက်နှင့် ပွတ်သီးပွတ်သပ်နေလိုခြင်းတော့ ဖြစ်တတ်ပေသည်။ သို့ရာတွင် ရာသီလာစဉ် လိင်ဆက်ဆံမှုပြုပါက မိန်းခလေးများအနေဖြင့် အောက်ပါအချက်များကို သတိပြုရပေမည်။
၁။ သွေးဖြင့်တင်းနေသော မိန်းမလိင်အင်္ဂါများသည် လိင်ဆက်ဆံမှုပြုခြင်းကြောင့် သွေးပိုမိုများလာပြီး ရာသီသွေးပိုဆင်းနိုင်ပါသည်။
၂။ သွေးသည်ရောဂါပိုးများအတွက် အစာလည်းဟုတ်၊ တွယ်ကပ်နေရန်နေရာ တစ်ခုလည်းဟုတ်ပေရာ ရာသီလာစဉ် လိင်ဆက်ဆံပါက မိန်းမအင်္ဂါများထဲသို့ ရောဂါပိုးများဝင်ရောက်ရန် အထူးလွယ်ကူပါသည်။ သို့ပါ၍ ရာသီလာစဉ် လိင်ဆက်ဆံမှုပြုချင်ကြသော မိန်းမသားတို့အနေဖြင့် မိမိနှင့်လိင်ဆက် ဆံသော ယောက်ျား၏လိင်တံမှာ ကျန်းမာသန့်စင်ဖို့လိုပါသည်။ ရောဂါပိုးများ မခိုမကပ်ပဲ ကင်းစင်နေအောင် လိင်ဆက်ဆံမှု မပြုမီ နှစ်ဦးစလုံးစင်ကြယ်သန့် စင်သွားအောင် သန့်ရှင်းရေးလုပ်ဖို့လိုပါသည်။ မိန်းမဖြစ်သူ၏ လိင်အင်္ဂါများ မထိခိုက် မပွန်းပဲ့စေရန် ညင်သာစွာဆက်ဆံသော နည်းကိုသုံးရပါမည်။
၃။ ရာသီမလာမီ လိင်ဆက်ဆံပါက သားအိမ်ထိခိုက် လှုပ်ရှားစေနိုင်သော မိန်းမမှောက်ခုံ၊ လေး ဘက်ထောက် (Doggy Style) စသည့်ပုံစံများဖြင့် မဆက်ဆံသင့်ပါ။ (ထိုသို့ပြုလုပ်ပါက မိန်းမ၏ တင်ဆုံကွင်းအတွင်း သွေးပိုမိုဝင်စေသဖြင့် ရာသီလာသောအခါ သွေးပိုမိုဆင်းတတ်ပေသည်။
၎။ လာရိုးလာစဉ်ထက် သွေးပိုမိုဆင်းနေပါက စိတ်ဆန္ဒပြင်းပြနေသော်လည်း လိင်ဆက်ဆံမှုကို လုံးဝရှောင်ကြဉ်ရပေမည်။ မနေနိုင်၍ လိင်ဆက်ဆံဖြစ်ပါက အင်္ဂါအတွင်းသို့ လိင်တံနက်ရှိုင်းစွာ ၀င်စေသောနည်းကို ရှောင်ကြဉ်ရပါမည်။ (ဤအချက်ကို မလိုက်နာပါက ရာသီအလာ မရပ်ပဲ သွေးဆင်းလွန်နိုင်ပါသည်)
၅။ မီးနီဖြတ် (ရာသီလာစဉ် လိင်ဆက်ဆံ) ပါက မဆက်ဆံမီနှင့် ဆက်ဆံပြီးစတွင် နှစ်ဦး စလုံး၏ လိင်အင်္ဂါများ၊ လိင်အင်္ဂါများ ပတ်လည်တဝိုက်နှင့် လက်များကို ဆပ်ပြာ၊ ရေနွေးများဖြင့် စင်ကြယ်အောင် ဆေးကြောသုတ်သင်ရပါမည်။ ဤသို့သန့်ရှင်းပေးပါမှ မိန်းမ၏ လိင်အင်္ဂါများ အတွင်းသို့ ရောဂါပိုးများ ၀င်ရောက်ပျံ့နှံ့ခြင်းကို ကာကွယ်နိုင် သကဲ့သို့ ယောက်ျားဖြစ်သူ၏ ကိုယ်အစိတ်အပိုင်းကိုလည်း ရာသီသွေးမပေစေပဲ သန့်ရှင်းစင်ကြယ် စေမည်ဖြစ်သည်။ ရောဂါပိုး မ၀င်အောင် ကွန်ဒုံစွတ်၍ မဆက်ဆံသင့်ပါ။ အကြောင်းမှာ ၎င်းကွန်ဒုံများသည် ရောဂါပိုးမ၀င်ရောက်စေရန် အကာအကွယ် မဖြစ်သည်သာမက နူညံ့သော ယောနိကိုလည်း အလွယ်တကူ ပွန်းပဲ့စုတ်ပြဲ စေနိုင်သဖြင့် ရောဂါပိုးပိုမို ကူးစက်စေနိုင်ပါသည်။
၆။ မိန်းမ၏လိင်အင်္ဂါဇာတ်၊ နှုတ်ခမ်းသားများနှင့် လိင်စေ့ကို ပွတ်တိုက်လှုံ့ဆော်၍ ဆက်ဆံမှု မပြုသင့်ပါ။ ယောနိအင်္ဂါအတွင်းသို့ လည်းလက်ဖြင့်နှိုက်၍ မလှုံ့ဆ်ာသင့်ပါ။ လှုံ့ဆ်ာပါက အထက်ပါ အင်္ဂါများ ဒဏ်ရာရ ပွန်းပဲ့စေနိုင်ပါသည်။
၇။ လိင်ဆက်ဆံမှုပြုစဉ် ခပ်ကြမ်းကြမ်း မဆက်ဆံသင့်ပဲ ညင်သာစွာ ဆက်ဆံရပေမည်။ ခပ်ကြမ်းကြမ်း ဆက်ဆံပါက ရာသီသွေး ပိုမိုဆင်းနိုင်ပါသည်။ မိန်းမဖြစ်သူတွင် ခါးလည်းနာနိုင်ပါသည်။ သို့ရာတွင် ရာသီလာစဉ် လိင်ဆက်ဆံပါက သာမန်အချိန် ဆက်ဆံမှုနှင့်မတူပဲ အမျိုးသမီးများအနေဖြင့် ထူးကဲသောခံစားမှု အရသာများကို ရရှိနိုင်ပေသည်။ သို့ဖြစ်၍ မိန်းမအတော်များများသည် ရာသီလာစဉ် လိင်ဆက်ဆံလိုစိတ် အထူးရှိကြကြောင်းတင်ပြလိုက်ရပေသည်။
crd
Chit Pay Thu
လာရောက်လည်ပတ်သူမိတ်ဆွေများကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်း
No comments:
Post a Comment