ဂေါ်လီအကြောင်း သိကောင်းစရာ
~~~~~~~~~~~~~~~~~~~~~~~
လူ့ခန္တာကိုယ်ဟာ ကိုယ်ပိုင်အနုပညာများ ဖန်တီးဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ပဲ ခန္တာကိုယ်မှာ အပေါက်ဖောက်ကြတဲ့ ဓလေ့နဲ့ ဆေးမင်ကြောင်(တက်တူး)ထိုးခြင်း ဓလေ့များ ခေတ်စားကြတာဖြစ်တယ်။ အဲဒါကြောင့်ပဲ လူတွေဟာ သူတို့ရဲ့ နေရာလွတ်နေတဲ့ အရေပြားပေါ်မှာ ကိုယ့်စိတ်တိုင်းကျ ပုံဖေါ်ကြလာကြပါတယ်။ အရေပြားပေါ်မှာ အပေါက်ဖောက်တာနဲ့ တက်တူးထိုးကြတဲ့ လုပ်နည်းလုပ်ဟန်တွေကို လူတိုင်းနည်းပါး နားလည်ကြပေမယ့် ဂေါ်လီထည့်တာကို သိရှိကြသူ နည်းလိမ့်မယ်လို့ ထင်ပါတယ်။
လူတွေဟာ အိပ်ယာထက်မှာ ချစ်တင်းနှောဖို့ ဖြစ်လာတဲ့အခါ တစ်ဦးကိုတစ်ဦး အကောင်းဆုံးသော ခံစားမှုတွေကို ပေးစွမ်းချင်ကြတာ ဓမ္မတာပါ။ မိမိအနေနဲ့ လိင်ဆက်ဆံဖက်ကို မိမိစွမ်းဆောင်နိုင်သမျှ ထပ်တူ ကျေနပ်မှုရအောင် အပြည့်အ၀ရစေချင်တာကတော့ လူတိုင်းရဲ့ သမရိုးကျ စိတ်ဆန္ဒပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့မှာ တော့ အဲဒီထက်ပိုတဲ့ စိတ်ထက်သန်မှုတွေ ရှိနေတတ်ကြပြန်ပါတယ်။
လိင်ဆက်ဆံဖေါ်ကို လည်းဆန္ဒအပြည့်အဝပေးစွမ်းချင်တယ် မိမိရဲ့အတိုင်းအတာကလည်း အကန့်အသတ်တွေရှိနေမယ်ဆိုရင် လူတွေဟာ ရုပ်ချည်းစဉ်းစားမိ ကြတာကတော့ ဂေါ်လီထည့်တာပါပဲ။
အမျိုးသားတွေရဲ့ လိင်တံဟာ နှစ်သက်ကျေနပ်လောက်ဖွယ် အတိုင်းအတာအရွယ်အစား မရှိတဲ့အခါ ဂေါ်လီထည့်ဖို့ စဉ်းစားလာကြပါတယ်။ Daily Star စာစောင်ရဲ့ အဆိုအရ မိမိတို့ထက် ကာမဆန္ဒထက်သန်တဲ့ လိင်ဆက်ဆံဖေါ်ရှိတဲ့ အမျိုးသားတွေဟာ မိမိရဲ့ လိင်တံအပေါ် အားမလိုအားမရ ဖြစ်မှုများနှင့်အတူ လိင်တံအတွင်းသို့ ဂေါ်လီလို့ခေါ်တဲ့ အသီးအလုံးလေးများ ထည့်သွင်း လာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဂေါ်လီထည့်တော့မယ် ဆိုရင် အရင်ဆုံး လိင်တံအရေးပြားကို ဖောက်ရပါတယ်။ အဲဒီနောက် အသီးလုံးကလေးတွေကို အရေပြားအောက်မှာ ထည့်သွင်းရပါတယ်။ လိင်တံထိပ်နဲ့ နီးတဲ့ နေရာဘက်မှာ ထည့်ကြပါတယ်။ ဂေါ်လီအမျိုးအစားပေါင်း များစွာ ရှိကြသော်လည်း အများစုကတော့ သတ္တု၊ ပလတ်စတစ် စတဲ့ အသီးအလုံးကလေးတွေကို ထည့်ကြပါတယ်။ (သတ္တုဘောသီများထည့်ခြင်းနှင့်ပလတ်စတစ်များထည့်ခြင်းက လိင်အင်္ဂါကို ပိုပြီး ထိခိုက်နိုင်ခြေရှိတဲ့အတွက် မျက်နှာပြင် လုံးဝန်းချောမွတ်သော ဖန်လုံး၊ ကျောက် စသည်တို့ကိုသာ ထည့်ရန် သင့်လျော်ပါတယ်)
လိင်တံထဲသို့ ဂေါ်လီထည့်လိုက်ပြီ ဆိုတာနဲ့ အရင်က စင်းလုံးချောဖြစ်နေတဲ့ လိင်တံဟာ ပျူထွက်နေတဲ့ ဂေါ်လီအလုံးတွေကြောင့် အဖုအထစ်တွေ ဖြစ်ပေါ်နေမှာ မို့ ဖုံးကွယ်လို့ ရနိုင်တော့မှာ မဟုတ်ပါကြောင်း။
ဂေါ်လီဟာ မိမိရဲ့ လိင်ဆက်ဆံဖေါ်ကိုသာ သူမတူတဲ့ လှုံ့ဆော်မှုကို ပေးစွမ်းစေပါတယ်။ လိင်တံ ထိပ်နားမှာ ကပ်ပြီး ထည့်တဲ့ ဂေါ်လီတွေကို လိင်ဆက်ဆံဖေါ်ကို ပိုပြီးလှုံ့ဆော်ပေးနိုင်တယ်လို့ ဆိုကြပြီး အဲဒီကနေ အတန်းလိုက်ထည့်လာကြပါတယ်။
အမျိုးသား အချို့ဟာ ဂေါ်လီထည့်တာကို ကျွမ်းကျင်သူများနှင့် မပြုလုပ်ဘဲ မိမိဘာသာ သို့မဟုတ် သူငယ်ချင်း အချင်းချင်း လက်တည့်စမ်းပြီး ထည့်ကြလို့ အန္တရာယ်ဖြစ်ခဲ့တာတွေလည်း ရှိပါတယ်။
အဲဒါကြောင့် မိမိတို့ ဘာသာ လက်တည့်စမ်းပြီး မလုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွမ်းကျင်သူမဟုတ်ဘဲ အရပ်ထဲက ကာလသားအချင်းချင်း လက်တည့်စမ်းထည့်ကြတဲ့အခါ နည်းစနစ်ကျွမ်းကျင်မှု မရှိတဲ့အပြင် သန့်ရှင်းမှုကို အလေးမထားတာတွေကြောင့် စွန့်စားရမှု အန္တရာယ်ကြီးမား တတ်ပါတယ်။
ဂေါ်လီထည့်တဲ့ အလေ့အထ ဘယ်ကစ ဆင်းသက်လာလဲဆိုတာတော့ ပြောဖို့ ခက်ပေမယ့် အာရှတိုက်က စတင်အခြေပြုတယ်လို့တော့ ဆိုနိုင်ပါတယ်။ ယာကူဆာဂိုဏ်းဝင်တွေဟာ လိင်မှုဆိုင်ရာ သာယာမှုအတွက် ဆိုတဲ့ ရည်ရွယ်ချက် မပါဘဲ သူ့တို့ရဲ့လိင်တံမှာ ဂေါ်လီတွေ ထည့်ခဲ့ကြပါတယ်။
ယာကူဆာဂိုဏ်းဝင်တွေ ထောင်ကျတဲ့အခါ ထောင်ထဲမှာ ကုန်ဆုံးသွားတဲ့ သူတို့ရဲ့ အချိန်တွေကို အမှတ်အသားပြုဖို့အတွက် ဂေါ်လီတွေကို ထည့်ခဲ့ကြပါတယ်။
ယာကူဆာတွေဟာ ထောင်သက်တစ်နှစ်ပြည့်လျှင် ဂေါ်လီတစ်လုံးကို ထည့်ပြီး အမှတ်အသားပြုလေ့ရှိကြပါတယ်။
ယာကူဆာတွေအပြင် ကျူးဘား၊ သြစတေးလျှနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှာ လည်း ဂေါ်လီထည့်တဲ့ ဓလေ့ ခေတ်စားခဲ့ပါတယ်။
သင့်မှာ ဂေါ်လီကို ဘယ်လိုထည့်ရမယ် ဆိုတာလည်း လေ့လာထားမှုမရှိဘဲ ထည့်မယ်ဆိုရင် အခက်အခဲများနဲ့ ကြုံတွေ့ရနိုင်တာမို့ လိင်ဆက်ဆံမှု သာယာဖို့အတွက်ဆိုရင် အခြားနည်းလမ်းတွေအတွက် လိင်ပိုင်းဆိုင်ရာ ပစ္စည်းအရောင်းဆိုင်တွေမှာ သွားရောက်လေ့လာဝယ်ယူ ဖို့ကိုပဲ အကြံပြု တိုက်တွန်းလိုပါတယ်။
သင့်အနေနဲ့ ကျွမ်းကျင်သူမရှိဘဲ ဂေါ်လီထည့်မယ်လို့ စဉ်စားဆုံးဖြတ်ထားရင် အောက်ပါဆိုးကျိုးများကိုလည်း ရရှိခံစားရနိုင်တယ်ဆိုတာ ကြိုတင်သိရှိထားဖို့ လိုပါလိမ့်မယ်။ အဲဒါတွေကတော့ မသန့်ရှင်းမှုနဲ့ စနစ်တကျမထည့်တဲ့ အခါ ဖြစ်တတ်တဲ့ လိင်အင်္ဂါ tissue များ ပျက်စီးတာ၊ လိင်တံ ပုံစံပျက်ယွင်းသွားတာနဲ့ မေးခိုင်ပိုးဝင်တတ်တာတွေ အပြင် လိင်တံထောင်မတ်မှုကို ထိခိုက်စေတာနှင့် လိင်တံပေါ်မှာ အမာရွတ်ကျန်ခဲ့တာတွေ ဖြစ်နိုင်ပါတယ်။
မိမိဘာသာ ဂေါ်လီထည့်ခဲ့လို့ အဆိုးဆုံးအခြေအနေဖြစ်လာခဲ့ရင် လိင်တံဖြတ်တောက်ရတဲ့ အထိ ဖြစ်နိုင်တာမို့ ကျွမ်းကျင်သူမဟုတ်ဘဲ မိမိဘာသာ ထည့်သွင်းခြင်းမျိုးကို ရှောင်ရှားသင့်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါတယ်။ (Rebelcircus Online စာမျက်နှာမှ Danny Salemme ၏ Everything You Need to Know About Genital Beading ဆောင်းပါးကို Htoo John စီလျော်အောင် ဘာသာပြန်ဆိုပါသည်။
# credit #
လာရောက်လည်ပတ်သူမိတ်ဆွေများကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်း
No comments:
Post a Comment