Header Ads
လိင်​တံအရည်​ပြားဖြတ်​ခြင်း
Circumcision
လိင်​တံအရည်​ပြားဖြတ်​ခြင်း
အမျိုးသားလိင်​တံအရည်​ပြားဖြတ်​ခြင်း
ကမ္ဘာတဝန်းမှာ အမျိုးသားလိင်​တံအရည်​ပြားဖြတ်​ခြင်း ဘာ​ကြောင့်​လုပ်​ကြသလဲ
၁။ ဘာသာ​ရေးအရလုပ်​ခြင်း
၂။ အရည်​ပြားအရမ်းရှည်​၍ ​နောက်​သို့ဆွဲမရခြင်း
၃။ လိင်​အင်္ဂါ မှ တဆင့်​တချို့ကူးစက်​တတ်​​သော ​ရောဂါ ဖြစ်​ပွားမှု ​လျော့ကျ​စေခြင်း တို့​ကြောင့်​ဖြစ်​ပါတယ်
လုပ်​ရင်​ ဘာ​ကောင်းကျိုး​တွေရနိုင်​မလဲ
၁။ လိင်​အင်္ဂါသန့်​ရှင်း​ရေးလုပ်​ရာတွင်​ပိုမိုလွယ်​ကူသွားခြင်း
၂။ ဆီးလမ်း​ကြောင်းပိုးဝင်​ ​ရောဂါ ​လျော့နည်းသွားခြင်း
၃။ လိင်​ဆက်​ဆံခြင်းမှ ကူးဆက်​တတ်​​သော​ရောဂါများ​လျောကျ​စေခြင်း
(အကာကွယ်​သုံး၍ဆက်​ဆံခြင်းက ပိုစိတ်​ချရပါတယ်​)
၎။ လိင်​အင်္ဂါ အထစ်​ထိပ်​မှ အရည်​ပြားကိုအထစ်​​နောက်​သို့ ဆွဲမိပီး အထစ်​ထိပ်​သို့ ပြန်​မထားနိုင်​ခြင်း​ကြောင့်​ လိင်​အင်္ဂါထိပ်​​ရောင်​ရမ်း​ဖောင်းကားလာခြင်း မဖြစ်​နိုင်​​တော့ခြင်း
၅။ လိင်​တံ ကင်​ဆာ ဖြစ်​နိုင်​​ခြေ ​လျော့နည်း​စေခြင်း တို့ရရှိနိုင်​ပါတယ်
အရည်​ပြားဖြတ်​ခြင်း​ကြောင့်​သားသမီးမရနိုင်​ခြင်းမဆိုင်​ပါ။
အရည်​ပြားဖြတ်​ရင်​ဘာ​တွေ အန္တရာယ်​ရှိမလဲ
၁။အနာမှ ​သွေးအနည်းငယ်​ထွက်​ခြင်း
၂။ အနာပိုးဝင်​ခြင်းများဖြစ်​တတ်​ပါတယ်
ခွဲမယ်​ဆို ဆရာဝန်​က သင့်​ကို ဘာလုပ်​မှာလဲ
ခွဲခန်းထဲမှာ သင့်​ကို ခွဲစိပ်​ခုတင်​​ပေါ်တက်​ခိုင်းပီး ပက်​လက်​အ​နေထား ​နေဖို့​ပြောပါမယ်
သင့်​လိင်​အင်္ဂါ ပတ်​ဝန်းကျင်​ကို ပိုးသတ်​​ဆေးရည်​များနှင့်​သန့်​ရှင်း​ရေး လုပ်​ပါလိမ့်​မယ်
ထုံ​ဆေးထိုးခြင်း လိမ်းခြင်းများလုပ်​ပါမယ်
မနာ​တော့ဘူးဆိုရင်​ အထစ်​နားရှိ အရည်​ပြားကို ဖြတ်​ပါမယ်​ ပီးပြန်​ချုပ်​ပါမယ်
ထို့​နောက်​ ပိုးသတ်​​ဆေးလိမ်း​ဆေးလိမ်းပီး ပတ်​တီးစည်းလျင်​စည်းပါမယ်
ထို့​နောက်​ခွဲခန်းမှထွက်​ပီး အိမ်​​ပေးပြန်​ပါမယ်
ခွဲပီးရင်​ ဘာ​တွေဖြစ်​မလဲ
ပုံမှန်​ဆို ၇ရက်​မှ ၁၀ရက်​အတွင်းအနာကျက်​ပါတယ်
ခွဲစိပ်​ပီးစ ရက်​​အနည်းငယ်​ နာခြင်း​ရောင်​ခြင်းများရှိနိုင်​ပါတယ်
တစ်​ပတ်​​ကျော်​၍ အနာကျက်​လျင်​ ဆပ်​ပြာ ​ရေ တို့နှင့်​ထိပီး​ဆေးနိုင်​ပါပီ
ဘယ်​အချိန်​မှာ ဆရာဝန်​နဲ့ ချက်​ချင်းပြန်​ပြရမလဲ
၁။ခွဲစိပ်​ပီး ၁၂နာရီထိ ဆီးမသွားနိုင်​လျင်
၂။သွေးဆက်​တိုက်​ထွက်​​နေလျင်
၃။လိင်​အင်္ဂါထိပ်​မှ အနံ့နံခြင်း အရည်​များထွက်​​နေခြင်း တို့ဖြစ်​ပါကြ
ပန်​ပြရပါမယ်
Reference mayo clinic
ရွှေ​တော်​ဝင်​​ဆေးရုံမှခွဲစိတ်​ဆရာဝန်​ကြီးများမှ ​အ​ရေပြားဖြတ်​ခြင်းအတွက်​ ထုံ​​ဆေးဖြင့်​ခွဲခြင်းအပြီး​စီး ၂သိန်းခန့်​ဖြင့်​​ဆောင်​ရွက်​​ပေး​နေပါပီ ​ကျေးဇူးတင်​ပါသည်​။
လာရောက်လည်ပတ်သူမိတ်ဆွေများကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်း
No comments:
Powered by Blogger.